လယ်ဝေး စက်တင်ဘာ ၁
၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လယ်ဝေးမြို့နယ်အတွင်း ပါဝင်အရွေးချယ်ခံမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအမည်စာရင်းကို ယမန်နေ့က စတင်၍ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်ရုံး၌ ကြေညာထားရှိသည်။
ထိုသို့ကြေညာထားရှိရာတွင် လယ်ဝေးမြို့နယ်အတွင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီ(၈)ခုမှ လွှတ်တော်ကိုယ်စားလှယ် (၈)ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီ(၇)ခုမှ လွှတ်တော်ကိုယ်စားလှယ် (၇)ဦးတို့က ၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လယ်ဝေးမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်အရွေးချယ်ခံကြမည် ဖြစ်သည်။
လယ်ဝေးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၇)အုပ်စု၊ မဲရုံပေါင်း(၁၄၄)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား(၁၀၃၃၀၇)ဦး၊ မ(၁၁၃၉၉၆)ဦး စုစုပေါင်း(၂၁၇၃၀၃)ဦးရှိကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)