အိမ်မဲ ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့၊ စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ပြည်သူများ၊ လူငယ်လူရွယ်များအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိညာဗဟုသုတများ မျှဝေနိုင်ရန်နှင့် စာပေချစ်မြတ်နိုးသူများ ချစ်ခင်ရင်းနှီးမှု ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလထုတ် သုတပဒေသာစာအုပ်မှ ရှင်စောဖြူရေးသားသည် ခေတ်သစ်ကျွန်ပြုခြင်း ခေါင်းစဉ်ပါ ဆောင်းပါး၊ မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုကျူးလွန်ပါက ကျခံရမည့်ပြစ်ဒဏ်များ စသည့် အကြောင်းအရာများကို တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များမှ ပါဝင်ဖတ်ရှု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဌေးဌေးလှိုင်(ပြန်/ဆက်)