သိန္နီမြို့နယ်တွင် လူငယ်များ ဗလ(၅)တန် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

သိန္နီ ဧပြီ  ၇

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရန်၊ နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေးဖော်ဆောင်ပေးလျက်ရှိရာတွင် ကျောင်း သား၊ကျောင်းသူ၊ လူငယ်များ ဗလ(၅)တန် ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ကျောင်းသူ၊ လူငယ်များ ဘက်စုံထူးချွန်စေရန်၊ ပညာရဲရင့် ပွဲလည်တင့်စေရန် ရည်ရွယ်၍ သိန္နီမြို့၊ အမှတ်(၁၆)၊ တပ်နယ်ခန်းမတွင် ယမန်နေ့၊ မွန်းလွဲ ၂ နာရီ အချိန်တွင် လူငယ်ရေးရာ ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ သိန္နီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယ ဦးစီးမှူး ဦးမင်းဇာနည်က လူငယ်ရေးရာဟောပြောပွဲကို အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက်  မြို့နယ်အားက စားနှင့် ကာယပညာဦးစီးဌာန ဒေါ်ပပဝင်း (ဦးစီးအရာရှိ)က “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့် လူငယ်များ ကစားတွင် ထူးချွန်းအောင်ဆောင်ရွက်၍ နိုင်ငံ့ဂုဏ်မြှင့်တင် ဆောင်ရွက်ရန်၊ လူငယ်များတွင် အားကစားကို စိတ်ပါဝင်စားစွာဖြင့် ဘဝကိုတည်ဆောက်လိုပါက တောင်ကြီးမြို့ အားကစားသင်တန်း ကျောင်းအား တက်ရောက်နိုင်မှု အခြေအနေများ၊ လူငယ်များ အနေဖြင့် အားကစားနှင့် ကာယပညာဦးစီးဌာနက ထောက်ပံ့ ပေးနိုင်မှုအခြေအနေများကို လည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒေါ်ဥမ္မာချို (ဦးစီးအရာရှိ)က “လူငယ်နှင့် အသိပညာ”ခေါင်းစဉ်ဖြင့် လူငယ်များ အသိပညာဖြင့် နိုင်ငံတော် တည်ဆောက်ရာတွင် အားကိုးယုံကြည်ထိုက်သော လူငယ်များပေါ်ထွန်းလာရေး၊ လူငယ်များ အနေဖြင့် ရည်မှန်းချက် ပန်းတိုင်သို့ အရောက်သွားရမည့်နည်းလမ်းများ၊ လူငယ်များတွင် တွေ့ကြုံရသည့် စိန်ခေါ်မှု များ၊ လူငယ်များ စိတ်ဓာတ်ကြံ့ခိုင်စေရေးစသည့် အချက်များအားလည်းကောင်း၊ မြို့နယ် ပညာရေးမှူး ဒေါ်သူဇာအေးက  “လူငယ်နှင့် စိတ်ဓာတ် စည်းကမ်း ပညာ”ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား  စည်းကမ်းအစ အမျိုးသား​ကျောင်းက စတင်ကြောင်း၊ စိတ်ဓာတ် ကောင်းမွန် သော ကျောင်းသား၊သူများဖြင့် နိုင်ငံကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ကျောင်းသား/ သူများအနေဖြင့် ကျောင်းစည်းကမ်း၊ အိမ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အခြေခံအားဖြင့် လိုက်နာရမည်ဖြစ် ကြောင်း စသည့်အကြောင်းအရာများကို အသီးသီးပြောကြားသည်။

ထို့နောက် ဟောပြောပွဲအခမ်းအနားတွင် တက်ရောက်လာကြသော ကျောင်းသား/သူများက အေရိုး ဗစ်အကများဖြင့် သရုပ်ပြခြင်း၊ ဘောလုံးအားကစားနည်းဖြင့် သရုပ်ပြခြင်း၊ မြန်မာ့သိုင်းအားကစား နည်းဖြင့် သရုပ်ပြခြင်းများဆောင်ရွက်ကြသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/သူ၊ လူငယ် (၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စောဥမ္မာ(သိန္နီ)