ကျိုင်းတုံမြို့ လူထုအခြေပြု ဗဟိုဌာန(Community Centre)၌၊ ရှေးဦးသူနာပြုစုနည်းသင်တန်း ဆင်းပွဲကျင်းပ

ကျိုင်းတုံ ဧပြီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  ရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃နာရီခွဲက  ကျင်းပကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးမောင်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဝင်းမြတ်တို့က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးသိန်းထိုက်၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးရန်နိုင်ထွန်းတို့က  သင်တန်သား၊ သင်တန်းသူ ၂၆ ဦးတို့အား အမှတ်တရ လက်‌ဆောင်ပစ္စည်းများနှင့် သင်တန်းဆင်းလတ်မှတ်များ ပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်/ဆက်ရုံးများ တွင် အသုံးပြုရန် ဆေးအိတ်ငယ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းကို ကျိုင်းတုံမြို့နယ်မှ သင်တန်းသား/သင်တန်းသူ (၂၆)ဦးတက်ရောက် ကာ ဧပြီ ၄ ရက်မှ  ၆ ရက်ထိ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ကျော်စိန်သန်း(ပြန်/ဆက်)