သိန္နီ ဧပြီ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် လူငယ်များ အားကစားကဏ္ဍဖြင့် နိုင်ငံ့ဂုဏ် မြှင့်တင်နိုင်ရေး၊ လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးတို့အတွက် သိန္နီမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ဦးဆောင်၍ မြန်မာ့သိုင်းပညာကို စိတ်ဝင်စားသော လူငယ်များအား မတ်လ ၂၈ ရက်နေ့မှ ဧပြီ ၅ ရက်နေ့ထိ မြန်မာ့သိုင်း ကစားနည်း ကို သင်ကြားခဲ့ရာ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
အဆိုပါ မြန်မာ့သိုင်းကစားနည်းတွင် ဝါသနာရှင် သင်တန်းသား၊သူများက ကိုယ်ခံပညာတစ်ရပ်အနေ ဖြင့် စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပြီး မြန်မာ့သိုင်း အားကစားနည်းများကိုသင်ယူခဲ့ကြသည်။ အဆိုပါအားကစားနည်းသို့ မြို့နယ်အတွင်းဝါသနာရှင်(၁၈၁)ဦး တက်ရောက်သင်ယူကြပြီး သင်တန်းဆင်းပွဲတွင် မြန်မာ့သိုင်းအားကစားနည်းဖြင့် သရုပ်ပြဖျော်ဖြေပေးခဲ့သည်။ ကျောင်းသား/သူများ၊ လူငယ်များ အနေဖြင့် အားကစားများကို စိတ်ပါဝင်စား၍ တက်ရောက်သင်ယူလိုပါက မြို့နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနသို့ ဆက်သွယ်တက်ရောက်နိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ပပဝင်းထံမှ သိရသည်။
စောဥမ္မာ(သိန္နီ)