ကျောက်ဂူဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

အင်တော    စက်တင်ဘာ   ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ ကျောက်ဂူဈေးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် ဈေးရောင်း၊ ဈေးလာရောက်ဝယ်သူများအား နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီ က အဆိုပါဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျောက်ဂူဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ပျံကျဈေးသည်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ တစ်ဆိုင်နှင့်တစ်ဆိုင် ၆ ပေအကွာရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း၊ နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်၍ ရောင်းဝယ်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်မှုမရှိသူများအား ခုဝယ်ခုတပ်စနစ်ဖြင့်  ပညာပေးခြင်းများကို အင်တောမြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေးနှင့် ဌာန ဆိုင်ရာများ၊ မြို့နယ်ခွဲစည်ပင်သာယာရေးတာဝန်ခံ ဦးစိုင်းအာင်သန်းဦးနှင့် ကျောက်ဂူတိုက်နယ် ဆေးရုံအုပ် ဒေါက်တာဘုန်းသက်တင်နှင့် ဝန်ထမ်းများ၊ နယ်မြေစခန်း ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဈေးကော်မတီဝင်များက ကျေးလက်နေပြည်သူများအား ကျောက်ဂူ ဈေးအတွင်းရှိ ဈေးရောင်းဝယ်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များနှင့် လမ်းညွှန်ချက်အား  လိုက်နာမှုရှိစေရေး  ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အောင်ခိုင် (အင်တော၊ ပြန်/ဆက်)