မတ္တရာ ဧပြီ ၈
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၌ ၂ဝ၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ကို အေးချမ်းစွာဖြေဆိုပြီးကြောင်းသိရသည်။
မတ္တရာမြို့နယ်ရှိ အ-ထ-က(မတ္တရာ)နှင့် အ-ထ-က(ခွဲ) မတ္တရာ၊ စာစစ်ဌာန ၂ ခုတို့၌ သမိုင်းဘာသာရပ်တွင် စာရင်းရှိ ကျား(၆)မ(၈) စုစုပေါင်း (၁၄)ဦးရှိပြီး၊ ဖြေဆိုသူ(၁၃) ဦးရှိကာ (မ)(၁) ဦး မှာ လာရောက်ဖြေဆိုခြင်းမရှိကြောင်းသိရ သည်။
ကျောင်းသား/ ကျောင်းသူများ စာမေးပွဲကိုအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများမှ လုံခြုံရေးတာဝန်များ ချထား ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)