အင်တောမြို့၌ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချရေးကွင်းဆင်းစစ်ဆေး

အင်တော   စက်တင်ဘာ   ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်း က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေးနှင့် ဌာနဆိုင်ရာများမှ ကော်မတီဝင်များ၊ တိုက်နယ်ဆေးရုံအုပ်နှင့် ဝန်ထမ်းများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများ က အင်တောမြို့ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိနိုင်ရေး၊ လက်ဆေးဘေစင်နှင့် ရေမလို လက်သန့်ဆေးရေများ ဆောင်ရွက်ထားရှိရေး၊ အစားအသောက်ကြော်ငြာကဒ်များ စားပွဲဝိုင်းတစ်ဝိုင်းလျှင်တစ်ခု စနစ်တကျ ဆောင်ရွက် ထားရှိရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မိမိကစ၍ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်ခိုင် (အင်တော၊ပြန်/ဆက်)