ဟိုပုံး စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် တောင်သူ (၃)ဦးမှ စိုက်ပျိုးထားသော မိုးစပါး(ရွှေရင်အေး) မျိုးစေ့ထုတ်စိုက်ခင်း (၁၃) ဧကအား ပထမအကြိမ် Field Inspection စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က မြို့မကွင်း တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းစုမွန်နှင့် ဝန်ထမ်းများသည် စိုက်ပျိုးရန်ခွင့်ပြုထားသော မျိုးများ၏ အရည်အချင်းလက္ခဏာများအတိုင်း မှန်ကန်ခြင်း ရှိ/မရှိ၊ စိုက်ပျိုးထားသောသီးနှံ၊ ဧရိယာအကျယ်အဝန်းတို့အပေါ် မူတည်၍ ကွင်းဆင်းစစ်ဆေးရမည့် ကိုယ်စားပြုနမူနာနှင့် ကွင်းဆင်းစစ်ဆေးရာတွင် ကောက်ယူရမည့် အချက်များဖြစ်သည့် မျိုးကွဲအပင်များ၊ ခွဲခြားရန်မလွယ်ကူသည့် အခြားစိုက်ပျိုးပင်များ၊ လက်မခံနိုင်သည့် ပေါင်းပင်များ၊ ရောဂါကျရောက်သော အပင်များစသည့်လုပ်ငန်းများ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)