ဘုတ်ပြင်း ဧပြီ ၈
တနင်္သာရီတိုင်းဒေသကြီ ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာ တွဲများမှ ကျောင်းသားကျောင်းသူများ နောက်ဆုံးနေ့အဖြစ် သမိုင်းဘာသာကို ယနေ့နံနက်က အောင်မြင်စွာ ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်အတွင်း စာစစ်ဌာန(၂)တွင် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့ အထိတက္ကသိုလ် ဝင်စာမေးပွဲကို ဘာသာတွဲ(၁) ဘာသာတွဲ(၂)၊ဘာသာတွဲ(၅)နှင့် ဘာသာတွဲ(၇) စသည့် ဘာသာတွဲ(၄)ခု ဝင်ရောက်ဖြေဆိုခဲ့ ကြောင်းသိရသည်။ ဘုတ်ပြင်းမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို သက်ဆိုင်ရာ ဘာသာတွဲများမှစာရင်းရှိ ကျောင်းသား(၁၂၆)ဦး၊ ကျောင်းသူ(၂၀၁) စုစုပေါင်း ၃၂၇ ဦး ရှိပြီး လာရောက် ဖြေဆိုသူ ကျောင်းသား(၁၁၄)ဦး၊ကျောင်းသူ (၁၇၇) ဦး စုစုပေါင်း (၂၉၁) ဖြေဆို၍ ပျက်ကွက် ကျောင်းသား (၁၂)ကျောင်းသူ(၂၄)ဦး စုစုပေါင်း ၃၆ ဦးရှိပြီး တစ်မြို့နယ်လုံးအနေဖြင့် ဖြေဆိုရာနှုန်း ( ၈၈.၉၉ ) ရာနှုန်း အေးချမ်းအောင်မြင်စွာ ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲဖြေဆိုပြီးသည့် မြို့ပေါ်ကျောင်းများနှင့်နယ်ကျောင်းများမှ လာရောက်ဖြေဆိုကြသည့် ကျောင်း သားကျောင်းသူများနှင့်ကြီးကြပ်အုပ်ထိန်းသူများအား စိတ်အေးချမ်းစွာ မိမိနေရပ်သို့ ပြန်နိုင်ရေး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာကျောင်းများမှ ဆရာ၊ ဆရာမများ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ နှင့်ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများက စီစဉ်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)