မန်တုံ ဧပြီ ၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ကျောင်းသူများနှင့်ကလေးငယ်များအတွက် အသိပညာ၊ ဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ Oneline မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူး၍ မြို့နယ်ပြည်သူ့ စာကြည့်တိုက် Page တွင် တင်ဆက်ပေးလျက်ရှိသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များနှင့် ကျောင်းသား/သူများအတွက် ဗဟုသုတရရှိစေရန် မန်တုံမြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှ သုတ/ရသ စာအုပ် မိတ်ဆက်ခြင်းအစီအစဉ်များ၊ ပုံပြင်ပြောပြခြင်းအစီအစဉ်များ၊ ကဗျာရွတ်ဆိုခြင်းအစီအစဉ်များ၊ စက္ကူအရုပ်ခေါက်ခြင်းအစီအစဉ်များနှင့် ကျန်းမာရေးဆောင်းပါးမိတ်ဆက်ခြင်းအစီအစဉ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရိုက်ကူး၍ Oneline မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
မန်တုံ(ပြန်/ဆက်)