ညောင်ဦး ဧပြီ ၈
ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူးလာရောက်ကြရာ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရဘုရားများတွင် ဘုရားဖူးလာရောက်သူ ၃၅၀၀ ဦး ခန့်လာရောက်ဖူးမြော်ကြကြောင်း ရွှေစည်းခုံဘုရားကြီး ရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦး ထံ ကသိရသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တန်ဆောင် တိုင်ရုံးပိတ်ရက် ဘုရားဖူးလာရောက်သူများပြားနေပြီး ရွှေစည်းခုံဘုရားကြီး သို့ဘုရားဖူးလာ ရောက်သူများစိတ်အေးချမ်းသာစွာဘုရားဖူးမြော်နိုင်ရန် သာမန်ရက်များတွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ သာဖွင့်လှစ်ထားပြီး အခါကြီးရက်ကြီးများတွင် နံနက် ၅နာရီမှ ည ၈ နာရီ အထိဖွင့်လှစ်ဖူးမြော်စေလျက်ရှိကြောင်း သိရသည်။ ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် မြန်မာပြည်အရပ်ရပ် မှဘုရားဖူး လာရောက်သူများပြားလျက်ရှိပြီး ဂေါပက ဥက္ကဋ္ဌ ထားရှိသည့်ဘုရားများဖြစ်သော တုရင် တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော် မြတ်စေတီ၊ ရွှေစည်းခုံဘုရား၊ ကျောက်ဂူဥမင်ဘုရား၊ ငှက်ပစ်တောင်ဘုရား၊ ဗူးဘုရား၊ အာနန္ဒာ ဘုရား၊ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ မနုဟာဘုရား၊ ရွှေဆံတော်ဘုရား၊ အလိုတော် ပြည့်ဘုရား၊ ဓမ္မရံကြီး ဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ပြဿကြီးဘုရား၊ မဟာဗောဓိ ဘုရား၊ ထီးလိုမင်းလိုဘုရား၊မြစေတီဘုရားများတွင် ဘုရားဖူးများစည်းကားနေပြီး၊ သမိုင်းဝင် ဘုရားများဖြစ်သည့် နဂါးရုံဘုရား၊ စိုးမင်းကြီးဘုရား၊စိုးမင်းကြီးအုတ်ကျောင်း၊ အပါယ်ရတနာ ဘုရား၊ ငကျွဲနားဋောင်းဘုရား၊ပုထိုးသားများဘုရား၊ ခေမင်္ဂဘုရားဝင်း၊ ရင်မနားဘုရားဝင်း၊ သိကြား ပုန်းဘုရား၊သိကြားဟစ်ဘုရား၊ တာမဏီသိမ်းကျောင်း၊ မင်းနန်းသူဘုရားသုံးဆူ၊တရုတ် ပြေးဘုရားခေါ်နရသီဟပတေ့ဘုရား၊ သံမ္ဘူလဘုရား၊သစ္စာဝတီဘုရား၊ အနုမြူကပ်ကျော် ဘုရား၊ မျက်တော်ပြေဘုရား၊ အင်ကြင်းဂူဘုရား၊ ဗူးလည်သီးဘုရား၊ ရွာဟောင်းကြီးဘုရား၊ ဝတ္တနထော ဘုရားဝင်း၊ ဆူးလေကုန်းဘုရားစု၊ ရှင်အဇ္ဇဂေါနဘုရား၊ ဂူနီဘုရားခေါ်ကူးနီးဘုရား၊ ခြောက် ဘုရားလှဘုရားများတွင်လည်း မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူးလာရောက်သူများက ရှေးဟောင်း နံရံဆေးရေးပန်းချီများ၊ ကနုတ်ပန်း၊ ကျောက်ဆစ်ပန်း၊ အင်္ဂတေများအား စိတ်ဝင်တစား လေ့လာမှုများပြားလာခဲ့ကြောင်းသိရပြီး ယခုရက်ပိုင်းတွင် ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေး မှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ ၃၅၀၀ဦးကျော် လာရောက်ဖူးမြှော်လျှက်ရှိပြီး ဂေါပကအဖွဲ့ ထားရှိသည့် ဘုရား ၁၉ဆူတွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဝင်ရောက်ဖူးမြော်စေကြောင်း သိရသည်။
ကိုထိန်၊ KPD ၊ ဇင်ယု(ညောင်ဦး)