လူထုအ‌ခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ပုံပါကျင် ဧပြီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန Community  Centreခန်းမတွင် စာရေးဆရာဦးချစ်နိုင်(စိတ်ပညာ)၏ "လူငယ်နဲ့ အခွင့်အလမ်း "စာအုပ်ကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်၌စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ဒေါ်မြမြအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Book Club အသင်းဝင်ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ဦးဆောင်၍ စာရေးဆရာ ဦးချစ်နိုင်(စိတ်ပညာ)၏ "လူငယ်နဲ့အခွင့်အလမ်း" စာအုပ်ထဲမှ ကံ၊ ကံရဲ့အကျိုး၊ သက်ကြီးစကား၊ အဆိုးနဲ့အကောင်း၊ လူ့တန်ဖိုးစသည့် ခေါင်းစဉ်များနှင့်ပတ်သက်၍ စာအုပ်စာပေချစ် မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့်အတူ အသီးသီး ဖတ်ကြားဆွေးနွေးကြောင်း သိရသည်။

ဖြူနိုင်(ပြန်/ဆက်)