သိန္နီမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ တစ်အိမ်တက်/ဆင်း ကောက်ယူရေးစနစ် မှန်ကန်ရေး အသိပညာပေးခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သိန္နီ    စက်တင်ဘာ   ၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စုနှင့် ကောင်းဝိန်း ကျေးရွာအုပ်စုများသို့ ယမန်နေ့နံနက်(၉) နာရီအချိန် က မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရေး ကျေးရွာအရောက်ကွင်းဆင်း စစ်ဆေးခဲ့သည်။

မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးပျို့မောင်နှင့် တာ၀န်ရှိသူများ၊ ကျန်းမာရေးဌာနမှ တာ၀န်ရှိသူများသည် ကျေးရွာအရောက် ကွင်းဆင်းကာ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေးနှင့် အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် ရရှိစေရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ တာ၀န်ရှိသူများ၊ အုပ်ချုပ်ရေးမှူး၊ စာရေး၀န်ထမ်း၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့အား ပထမအကြိမ် ကပ်ထား ကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်းများအား ပြည့်စုံမှန်ကန်မှု ရှိ/မရှိ တစ်အိမ်တက်/ဆင်း ကောက်ယူရေး အသိပညာပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များ ချပြရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖိုးချို (ပြန်/ဆက်)