မီးဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများထောက်ပံ့ပေးအပ်

သာပေါင်း မတ် ၁၆

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူး ဦးသာနိုင်အောင်နှင့် တာဝန်ရှိသူတို့သည် သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဒည်ကုန်းကျေးရွာ၌ မတ်လ ၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင် ပျက်စီးခဲ့ရသောနေအိမ်(၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းသို့ပေးအပ်ရာတွင် အိမ်ဆောက်ပစ္စည်းတန်ဖိုး(၃၀၀၀၀ဝ)ကျပ်၊ လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာရန်ပုံငွေ (၁၄၇၀ဝ)ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၃၁၄၇၀ဝ) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၃)စုစာ(၉၇၀၅၉)ကျပ်တို့ကို ဒည်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူး ဦးသာနိုင်အောင်တို့က မီးဘေးဘေးသင့်ပြည်သူများ၏ ကျေးရွာအရောက်လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။


မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)