မိုင်းကိုင် စက်တင်ဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန က ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မသန်စွမ်းသူများအား ငွေကြေးများ ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါထောက်ပံ့မှုတွင် မိုင်းကိုင်မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ကိုယ်အင်္ဂါ မသန်စွမ်း၊ ဉာဏ်ရည်မသန်စွမ်း၊ အမြင်အာရုဏ်မသန်စွမ်း၊ အကြားအာရုဏ်မသန်စွမ်း သူများ အား တစ်ဦးလျှင်ငွေကျပ် သုံးသောင်းဖြင့် မသန်စွမ်းသူဦးရေပေါင်း ၁၈၄ ဦး၊ ထောက်ပံ့ငွေကျပ် ၅၅၂၀၀၀၀ ကို လူမှုဝန်ထမ်းဦးစီးဌာန မှ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)