ကာလိမြို့တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် သောက်သုံးမှုများမှ ဆိုးကျိုးများ အသိပညာပေးနံရံကပ်စာစောင် ပြသ

ကာလိ   စက်တင်ဘာ   ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် သောက်သုံးမှုများမှ ဆိုးကျိုးများ အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့နံနက်(၉)နာရီ အချိန်က နံရံကပ်စာစောင်များ ပြသဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ပြသခြင်းမှ  ပြည်သူများအတွက် ဆေးလိပ်သောက်သုံးခြင်း၊ ဆေးရွက်ကြီးမှ ထွက်သည့် ပစ္စည်းများသုံးစွဲခြင်းကြောင်း ရရှိနိုင်သည့် ဆိုးကျိုးများမှ ကာကွယ်နိုင်ရန်၊ ပြည်သူ များသိရှိလိုက်နာနိုင်ပြီး  အသုံးပြုမှုမှ ရှောင်ရှားနိုင်ရန်နှင့် ယင်းပစ္စည်းများ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါများကို အချိန်မှီတားဆီးကာကွယ်နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုနံရံကပ်စာစောင်များတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးခြင်းကြောင့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းမှ မှတ်ဉာဏ်အားနည်းခြင်း၊ လည်ချောင်းကင်ဆာ၊ ခံတွင်းကင်ဆာ၊ အဆုတ် ကင်ဆာ၊ အသည်းကင်ဆာ၊ ကျောက်ကပ်ကင်ဆာ စသည့်ရောဂါများ ဖြစ်ပေါ်နိုင်ခြင်းနှင့် အမျိုးသမီးများ သုံးစွဲပါက သားအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သားသမီးမရရှိနိုင်ခြင်း၊ ကိုယ်ဝန် ဆောင်မိခင်ဖြစ်ပါက သန္ဓေသားအား ထိခိုက်နိုင်ခြင်းစသည့် အသိပညာပေး အကြောင်းအရာ များ ကို ခင်းကျင်းပြသဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)