ဟိုပန် စက်တင်ဘာ ၂
(၀)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း များအား ဟိုပန်ခရိုင်ကော်မရှင် အဖွဲ့ခွဲရုံးတွင် ဩဂုတ်လ(၃၀)ရက်နေ့က ပုံစံ(၁၀)ဖြင့် စတင်ကြေညာထားကြောင်း သိရသည်။
မဲဆန္ဒနယ်အလိုက် ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၁)တွင် (၄)ဦး၊ ဟိုပန်မြို့နယ် ပြည်သူ့လွှတ်တော်တွင် (၅)ဦး၊ ဟိုပန်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)တွင် (၆)ဦး၊ ဟိုပန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင် (၄)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၁၉)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)