ဖျာပုံ ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှဦးဆောင်၍ ဖျာပုံမြစ်အတွင်းသို့ ဇီဝိတဒါနအဖြစ် ငါးမြစ်ချင်းသားပေါက် အကောင်ရေ(၅)သောင်းအား ယနေ့နံနက်(၈)နာရီခွဲအချိန်က ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ရုံးဆိပ်ကမ်းတွင် ငါးလွှတ်ပွဲကျင်းပပြုလုပ်သည်။
အဆိုပါ ဇီဝိတဒါန ငါးလွှတ်ပွဲသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ခရိုင်နှင့်မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ဖျာပုံခရိုင်ငါးလုပ်ငန်း ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဖျာပုံခရိုင်/မြို့နယ် အမျိုးသမီး စွမ်းဆောင်ရှင်အသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်၍ ငါးမြစ်ချင်း ငါးသားပေါက်(၂")ဆိုဒ် အကောင်ရေ(၅)သောင်းအား ဇီဝိတဒါနအဖြစ် ဖျာပုံမြစ်အတွင်းသို့ တပျော်တပါးလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်