မိုင်းဆတ် စက်တင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ဩဂုတ်လ(၃၀)ရက်နေ့မှစ၍ ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မိုင်းဆတ်မြို့မှ နိုင်ငံရေးပါတီ (၇)ခု ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၆)ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း (၈)ဦး၊ အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း (၇)ဦးနှင့် အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၇)ဦး စုစုပေါင်း(၂၈)ဦး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အဆိုပါ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံး (၃၅)ရုံးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ထုတ်ပြန်ကြေညာ ထားကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြင့်မောင်(ပြန်/ဆက်)