မေတ္တာမြို့၌ ဟာသင်္ကြန်ကာလ အတွင်းအန္တရာယ်ကင်းစေရန် သံဃာတော်အရှင်သူ​မြတ်များမှ ပရိတ်တရားတော် များ ရွတ်ဖတ်ပူဇော်​ပွဲများကျင်းပ

မေတ္တာ ဧပြီ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ မီးသတ်ဦးစီးဌာနနှင့် ထားဝယ်-မေတ္တာ-ထီးခီသွား စစ်ဆေးရေးဂိတ်တွင်လည်းကောင်း၊ မြို့အတွင်းရှိ နေအိမ်များတွင်လည်းကောင်း၊ မြန်မာသက္ကရာဇ် (၁၃၈၄) ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်များကို သံဃာတော်အရှင်သူမြတ်တို့က ယမန်နေ့ညနေ(၄) နာရီအချိန်က ဌာနဆိုင်ရာများနှင့် မြို​ပေါ်ရပ်ကွက်ရှိ ပြည်သူများအား သင်္ကြန်ကာလအတွင်း အန္တရာယ်ကင်းဝေးစေရန် သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို မြို့အတွင်း အလှည့်လည် ရွတ်ဖတ်ပူဇော်​ပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ပရိတ်တရားတော်များ နာယူပွဲသို့ ကြွရောက်လာကြသော တရားနာဧည့်ပရိသတ် အပေါင်းတို့မှ သြကာဿကန်တော့ချိုးဖြင့် ကန်တော့ကြပြီး မေတ္တာကျောင်းထိုင် ဆရာတော် ဦးအရိယာဝံသထံမှ တရားနာ ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်တော်မူခဲ့သည်။

ထိုနောက် ဆရာတော်က မြန်မာ့ရိုးရာနှစ်သစ်ကူးမင်္ဂလာ အခါသမယနှင့် ပတ်သက်၍ သြဝါဒစကားများ ရှင်းလင်းပြောကြားခဲ့ပြီး ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့် ပေးခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာများနှင့် တရားနာဧည့်ပရိသတ်အပေါင်းတို့မှ သံဃာတော်အရှင်သူ​မြတ်များထံ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး ရေစက် သွန်းချအမျှပေးဝေခဲ့သည်။

ထို့နောက် မေတ္တာမြို့ကျောင်းထိုင် ဆရာတော် ဦးအရိယာဝံသမှ ပရိတ်တရားတော်နာ ကြွရောက်လာကြသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့အတွင်းရှိ တရားနာယူကြသော ပြည်သူ များအားအမွှေးနံ့သာရေများ ပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။

အေးအေးချို(မေတ္တာ)