ငါန်းဇွန် ဧပြီ ၁၈
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ ရွှေရပ်သာမြတ်စွာဘုရားဝန်းအတွင်းရှိ ပဋ္ဌာန်းဟောရွှေကျောင်း တော်ကြီး၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က (၃၉) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ကျောင်းသစ်အရှေ့တိုက် ဆရာတော် ဘဒ္ဒန္တကုသလက ဘုရားပင့်ဂါထာတော်ရွတ်ဖတ်ပူဇော်၍ သုမင်္ဂလကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောသိယမှ ဘုရားရှိခိုးရွတ်ဖတ်ပူဇော်သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမျိုးမင်း သိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသံမစဲမဟာပဌာန်းပူဇော်ပွဲဖြစ်မြောက်ရေး အကျိုးတော် ဆောင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများသည် နိုင်ငံ တော်သံဃာ့မဟာနယက အဖွဲ့ဝင် ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ နရပတိထံ သီလခံယူဆောက် တည်ကြပြီး နာယကဆရာတော်(၄)ပါးနှင့် ဘာဏကဆရာတော်(၄၁) ပါးတို့က နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်း၊ ပဋ္ဌာန်းအမွမ်း ရွတ်ဖတ်ပူဇော်ခြင်းနှင့် ငါးရံ့မင်းပရိတ် တော် သံပြိုင်(၇)ခေါက် ရွတ်ဖတ်ပူဇော်ကြသည်။
ဆက်လက်၍ အလှည့်ကျဆရာတော်များက (၃၉)ကြိမ်မြောက် အသံမစဲမဟာပဌာန်းပူဇော်ပွဲကို မြန်မာနှစ်ဆန်း(၁)ရက် (၁၇.၄.၂၀၂၂)ရက်နေ့မှစ၍ (၁၁)ရက်တိုင်တိုင် အသံမစဲအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ် ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)