တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၁၃၈၄ ခုနှစ် ၊ မြန်မာနှစ်ဆန်း(၁)ရက် ၊ အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ်  ဧပြီ  ၁၈

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က  ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁) ရက် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်း အနားကို ယမန်နေ့ ညနေ ၄ နာရီ က ထားဝယ်မြို့၊သာသနာ့ဗိမာန်တော်ကြီး ၌ကျင်းပသည်။

ရှေးဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖိတ်ကြားထားသောဧည့်သည်တော်များ က အခမ်း အနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တိုင်းဒေသကြီး သံဃနာယ ကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဇေယျဝတီကျောင်း၊ ဘဒ္ဒန္တနန္ဒဝံသ (အဂ္ဂမဟာပဏ္ဍိတ) ထံမှ ငါးပါးသီလခံ ယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အားဥပသကာများက ပရိတ်(ပန်း၊ရေ၊သဲ၊ ကျောက်၊ချည်)များ ဆက်ကပ်ပြီး အန္တရာယ်ကင်းပရိတ် တရားတော်များနာယူကြည်ညိုကာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော်၊ ဃောသိတရာမ တိုက်သစ်ကျောင်း၊ ဘဒ္ဒန္တအာလောက(ဂန္ထဝါစကပဏ္ဍိတ) ထံမှ လှူဒါန်းမှုအစုစုတို့အတွက်  အနုမော ဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)