ကျောက်ဆည် ဧပြီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ကံဦးရပ်ကွက်အတွင်းရှိ နှစ်ကျိပ်ရှစ်ဆူဘုရားများကိန်း ဝပ်စံပ္ပါယ်တော်မူနေသည့် ဆုတောင်းပြည့် လေးမျက်နှာဘုရားကြီးတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေးနှင့်မီးသတ်တပ်ဖွဲဝင်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီအဖွဲ့တို့စုပေါင်းပြီး ယမန်နေ့ညနေ(၅)နာရီက ဘုရားရုပ်ပွားတော်များအား ရေသပ္ပါယ်ခြင်းနှင့် ဘုရားအတွင်းအပြင်ရင်ပြင်တော်များအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကုသိုလ်ပြု လုပ်ငန်းများဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာနပိုင် ရေသယ်မော်တော်ယာဉ်ဖြင့် ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပါယ်ခြင်း၊ ဘုရားဂူတွင်းလမ်းများနှင့်ရင်ပြင်တော်များအား ရေပက်ဖျန်း ဆေးကြောခြင်းနှင့် သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြောင်းနှင့် ဘုရားဝင်းအတွင်းအပြင်ရှိ ပေါင်းမြက်များအား စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းနှင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းဖြင့် မြန်မာနှစ်သစ်ကူးနေ့ရက်များမှ စတင်ကာ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာ စွာ ကုသိုလ်ယူနိုင်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့မှ လက်ထောက် ညွှန်ကြားရေးမှူးက ပြောပြသည်။
သက်မောင်