ရွှေကူ စက်တင်ဘာ ၂
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ IDPs စခန်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ စားသောက်ကုန် (၅)မျိုး ဝယ်ယူရန်အတွက် ယနေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အတွင်းရှိ IDPs စခန်းများ၌ ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ IDPs စခန်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးဝင်းသိန်းထွန်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးနေဆန်း လင်းနှင့် ဦးကျော်သူတို့က ရွှေကူမြို့နယ် ကက်သလစ် IDPs စခန်းရှိ အိမ်ထောင်စု ၃၅ စုနှင့် နှစ်ခြင်း IDPs စခန်းရှိ အိမ်ထောင်စု(၅၁)စုအား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ ၄၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ၃၄၄၀၀၀၀ ကျပ်အား ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုနောက် ရွှေကူမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကက်သလစ် IDPs စခန်းရှိ အိမ်ထောင်စု ၃၅ စုနှင့် နှစ်ခြင်း IDPs စခန်းရှိ အိမ်ထောင်စု (၅၁)စုအား ဆပ်ပြာခဲ ၄၈၂ ခဲနှင့် ထုံးအိတ် ၂၀ အိတ် တို့ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)