နမ္မတူ စက်တင်ဘာ ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် နမ္မတူမြို့နယ်အတွင်း ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကို ယမန်နေ့ နံနက် (၁၁)နာရီအချိန် က စတင်၍ နမ္မတူမြို့နယ် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် သတ်မှတ်ပုံစံ-၁၀ ဖြင့် ကြေညာထားကြောင်း သိရသည်။
ထို့သို့ နမ္မတူမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာရာ၌ ပြည်သူ့လွှတ်တော်အတွက် (၇)ဦး၊ အမျိုးသားလွှတ်တော်အတွက် (၁)ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်-၁ အတွက် (၇)ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်-၂ အတွက် (၆)ဦး၊ ရှမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (ကချင်တိုင်းရင်းသားလူမျိုး)တွင် (၁)ဦး ရှိကြောင်း နမ္မတူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယမင်းရွှေစင်စိုး ထံမှ သိရသည်။
လူမော် (ပြန်/ဆက်)