လေးမျက်နှာ မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လှော်ကထားတိုက်နယ် ဆရာဝန်ဒေါက်တာ မောင်မောင်ဇော်နှင့် ကျန်းမာရေးဝန်ထမ်းများက လှော်ကထားကျေးရွာရှိဈေး၊ လ္ဘက်ရည်ဆိုင်၊ လူစည်ကားရာ နေရာများသို့သွား ရောက်ပြီး (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ ပါဝင်သည့် မိမိကစ၍ ကာကွယ်ပါ လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)