ဖရူဆိုမြို့နယ်တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ မှ စာဖတ်ဝိုင်း ပြုလုပ်

ဖရူဆို  စက်တင်ဘာ  ၂

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း ၍ “ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း နှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးဂျူးလီယိုက စာပေဝါသနာရှင်များ အချင်းချင်း အပြန်အလှန်ဆွေးနွေးခြင်းဖြင့် အသိပညာ ဗဟုသုတ တိုးပွားစေရန် ၊ စုပေါင်းဆွေးနွေး တတ်သည့် အလေ့အကျင့်များရရှိစေရန် ရရှိလာသည့် အသိပညာဗဟုသူတများကို တစ်ဆင့်ပြန်လည်မျှဝေနိုင်စေရန် ရည်ရွယ်၍ ‌ကျင်းပခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် (Book Club) ဥက္ကဋ္ဌ နှင့် အသင်းဝင်များက စာရေးဆရာ ချစ်ဦးညို ရေးသားသော “ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယည်ကျေးမှု မျက်နှာစာ ”  စာအုပ်မှ မိမိကြိုက်နှစ်သက်ရာ ခေါင်းစဉ်ဖြင့် အသီးသီးပါဝင် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

တောရယ်(ပြန်/ဆက်)