ညောင်ဦးမြို့နယ်တွင် စပျစ်သီးနှံစမ်းသပ်စိုက်ပျိုးသည့် တောင်သူများအောင်မြင်ဖြစ်ထွန်း

ညောင်ဦး  မတ်  ၁၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်အုပ်စုရှိကျေးရွာများတွင် စပျစ်သီးနှံစမ်းသပ်စိုက်ပျိုးကြရာ အသီးသီးနှုန်း ကောင်းမွန်နေခြင်းကြောင့် ဆွတ်ခူး ရောင်းချချိန် ဈေးနှုန်း၊ ဈေးကွက် ကောင်းမွန်ဖို့သာ မျှော်လင့်နေကြောင်း သစ်ထောင့်တောင် ကျေးရွာစပျစ်သီးနှံ တစ်ဧကခွဲစိုက်ပျိုးသည့် ဦးလှငွေကပြောကြားသည်။

စပျစ်သီးနှံသည် မြန်မာမျိုးရင်းစပျစ်မရှိဘဲ ပြည်ပနိုင်ငံမျိုးရင်းများသာရှိပြီး စပျစ်မျိုးပေါင်း (၄၀) ကျော်ရှိကြောင်း၊ ရေရှိသည့်ဒေသတိုင်း စပျစ်သီးနှံစိုက်ပျိုး၍ရကြောင်းသိရပြီး စမ်းသပ်စိုက်ပျိုးသည့် ဒေသများတွင် ရာသီဥတုအဒဏ်ခံနိုင်သည့် အကြမ်းခံစပျစ်မျိုးများကိုသာ ဦးစားပေးစိုက်ပျိုးဖို့ မျိုးရွေးချယ်ပေးကြောင်း ၊ စပျစ်စိုက်ပျိုးမှုကျွမ်းကျင်လာလျှင် ဈေးနှုန်းကောင်းမွန်သည့် မျိုးများစိုက် ပျိုးနိုင်ရန် စိုက်ပျိုးရေးနည်းများမျှဝေပေကြောင်း မြန်မာနိုင်ငံအနှံ့အပြား စပျစ်စိုက်ပျိုးနည်း လက်တွေ့စိုက်ပျိုးနည်းမျှဝေပေးနေသည့် ရမည်းသင်းမြို့မှ ကိုမင်းဆက်ပိုင်ကရှင်းပြသည်။

ကျွန်တော်စပျစ်သီးနှံ စတင်စိုက်ပျိုးရန်အတွက် စတင်စိုက်ပျိုးရန် ရမည်းသင်းမှ စပျစ်စိုက်ပျိုး ရေးလိုက်လံမျှဝေပေးနေသည့် ကိုမင်းဆက်ပိုင်နှင့် စတင်ဆက်သွယ်ကာ အီတလီ နံပါတ်(၃)စပျစ်မျိုး အား ပြာသိုလတွင် စတင်စိုက်ပျိုးခဲ့ကြောင်း တစ်ပင်လျှင် ငါးရာကျပ်ပေးဝယ်ရကာ စိုက်ခင်းအရောက် ခုနှစ်ရာကျပ်ခဲ့ကာ စတင်စိုက်ပျိုးခဲ့ကြောင်း စိုက်ခင်းပိုင်ရှင် ဦးလှငွေကပြေကြားသည်။ ပျိုးပင်များအား တစ်ပင်နှင့်တစ်ပင် ခြောက်ပေအကွာ ကျင်းတူးစိုက်ပျိုးကြကြောင်း ၊စတင် စိုက်ပျိုးသည့်လမှ ဆယ်လအကြာတွင် စတင်အသီးသီးကြောင်းသိရပြီး ပထမဆုံးသီးသည့် အချိန်တွင် စပျစ်ပင်တစ်ပင်မှ စပျစ်သီး ငါးပိသာခန့်သီးကြောင်း၊ သုံးနှစ်သားမှ ငါးနှစ်သားစပျစ်ပင်တစ်ပင်လျှင် စပျစ်သီးဆယ့်ငါး ပိသာမှ ပိသာနှစ်ဆယ်ထိသီးကြောင်း စမ်းသပ်စိုက်ပျိုးသည့် စပျစ်ခင်းပိုင်ရှင်များ အသီးသီးအား ကောင်းမွန်ခြင်းကြောင့် ဈေးနှုန်းကောင်းရန်သာ မျှော်လင့်နေကြကြောင်း သိရသည်။

စပျက်သီးနှံပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်ကာ နှစ်နှစ်ဆယ်မှနှစ်သုံးဆယ်ထိ သက်တမ်းကြာရှည်ပြီး တစ်သီးသီးပြီးတိုင်း စပျစ်ကိုင်းစပျစ်နွယ်များ ဖြတ်ပြီးရောင်းချရကြောင်း၊ လေးလတစ်ကြိမ်အသီး ဆွတ်ခူးရကာ အသီးသီးစတင်ရင့်ချိန် ရေနိုင်နိုင်သွင်းရပြီး အသီးရင့်မှည့်ချိန်တွင် စတင်ဆွတ်ခူး ရောင်းချမည်ဖြစ်ကြောင်းသိရကာ စမ်းသပ်စိုက်ပျိုးမည့် စပျစ်စိုက်ပျိုးတောင်သူ ငါးဦးခန့် စိုက်ပျိုး နေပြီးဖြစ်ကြောင်းသိရကာ စပျက်သီးဈေးနှုန်း တစ်နေရာနှင့်တစ်နေရာ၊ တစ်မြို့နှင့်တစ်မြို့ စပျစ်သီး မျိုးအလိုက်လည်း ဈေးနှုန်းကွာခြားကြောင်း ၊လက်ပံခြေပေါ် အုပ်စုကျေးရွာများနှင့် သစ်တောင် ကျေးရွာအုပ် စုကျေးရွာများတွင် Black Queen (BQ) စပျစ်မျိုးနှင့် အီတလီနံပါတ် (၃) မျိုး နှစ်မျိုး စတင်စိုက်ပျိုးကြကာ စတင်စမ်းသပ်စိုက်ပျိုးသည့်နှစ်မှာပင် အသီးသီးနှုန်းကောင်းပြီး အောင်မြင် ဖြစ်ထွန်းနေခြင်းကြောင်း သိရသည်။

ကိုထိန်၊ ငါ့သရောက်