ပင်လောင်း စက်တင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင်စီမံကိန်း ကျေးရွာရန်ပုံငွေဖြင့် (၇၁)ယူနစ် ကျေးရွာပေါင်း(၈၁)ရွာ အား ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်နိုင်ရေး မြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို ဘုရားဖြူကျေးရွာ အုပ်စု သံတဲကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်ပိုင်း က ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)