အင်္ဂပူ၌ ကယ်ဆယ်‌ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

အင်္ဂပူ  စက်တင်ဘာ  ၃

အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊‌‌ ကျွန်းကြီးကျေးရွာတွင် မြစ်ကမ်းပါး ပြိုကျမှုကြောင့် မျောပါပျက်စီးခဲ့သော လူနေအိမ်တစ်လုံးအတွက်‌ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေး အပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းဝေးခန်းမ၌ ပြုလုပ် သည်။


အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ ‌‌ကျွန်းကြီးကျေးရွာ တွင် ဩဂုတ် ၃၁ ရက်နေ့က မြစ်ကမ်းပါး ပြိုကျမှု‌ကြောင့်‌‌ မျောပါပျက်စီးခဲ့သော သစ်အိမ်(၁)လုံး ပျက်စီးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၈၄၀၀) ကျပ် စုစုပေါင်းရန်ပုံငွေ(၂၀၈၄၀၀)ကျပ်နှင့် (၁)အိမ်ထောင်စာ၊ ကယ်ဆယ်‌ရေးပစ္စည်း(၁၆)မျိုး တန်ဖိုး(၃၄၇၅၃)ကျပ် စုစုပေါင်းထောက်ပံ့မှု တန်ဖိုး (၂၄၃၁၅၃)ကျပ်အား ဘေးသင့် ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)