ဝါးခယ်မ စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ တောင်သူများအတွက် ၂၀၂၀ ပြည့်နှစ် စိုက်ပျိုးစရိတ်အထူးချေးငွေနှင့် ကိုဗစ်-၁၉ကာလအတွင်း အထူးချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရွှေခယ်သီရိအားကစားခန်းမအတွင်း၌ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအား ၂၀၂၀ ပြည့်နှစ် စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ယနေ့တွင် ကျေးရွာပေါင်း ၁၄ ရွာမှ လူဦးရေ၁၂၀အတွက်တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ကျပ်၊ ကိုဗစ်-၁၉ ရောဂါကာလအတွင်း အထူးချေးငွေအဖြစ် တစ်ဧကလျှင် ၅၀၀၀၀ကျပ်၊ စုစုပေါင်း ငွေ၂၀၀၀၀၀ကျပ် ထုတ်ချေးခြင်းဖြစ်ကြောင်း၊ ယနေ့အထိ ချေးငွေကျပ် ၈၄၀၅၉ သန်းထုတ်ချေးပေးပြီးဖြစ်ရာ ကျန်ရှိသောကျေးရွာအုပ်စုများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဝါးခယ်မမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ခိုင်ဦးမွန်(ပြန်/ဆက်)