နတ်စိမ်းကျေးရွာ အ.မ.က၌ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ ပြုလုပ်

ငါန်းဇွန် မတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာကျေးရွာအုပ်စု နတ်စိမ်းကျေးရွာ အခြေခံပညာ မူလတန်း ကျောင်းဝင်းအတွင်း၌ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီက ကျင်းပသည်။

ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၊ ဦးဆန်းဝင်း(Third Party) မြို့သာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ နတ်စိမ်းကျေးရွာ ရွာခွဲတာဝန်ခံ ဦးရွှေမန်းနှင့် ကျောင်းအကျိုးတော် ဆောင်တို့က ကျောင်းဆောင်သစ် ဆောက်လုပ်မည့် မြေနေရာ၌ ပန္နက်ရိုက်မင်္ဂလာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းဆောင်သစ်မှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ (၃၃.၃) ကျပ်သန်းဖြင့် (အလျားပေ ၆၀၊ အနံပေ ၃၀) Steel Structure တစ်ထပ်ဆောင်အား ရွှေထက်မင်း ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သက်နောင်ဦး(ငါန်းဇွန်)