ဖျာပုံ၌ ကိုဗစ်-၁၉ ကာလအတွင်း သမိဒ္ဓေါဒယ ဖျာပုံသီလရှင်စာသင်တိုက်သို့ ဆွမ်းဆန်စိမ်းများ လှူဒါန်း

ဖျာပုံ  စက်တင်ဘာလ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ (၁) နာရီတွင် ဖျာပုံမြို့ ၁၈ ရပ်ကွက်ရှိ သမိဒ္ဓေါယသီလရှင်စာသင်တိုက်သို့ ဆွမ်းဆန်စိမ်းများ လှူဒါန်းခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း သမိဒ္ဓေါယ ဖျာပုံသီလရှင်စာသင်တိုက်ရှိ စာသင်သားများ ဆွမ်းအဆင်ပြေစေရေးအတွက် ဖျာပုံခရိုင်အဆင့်ဌာန ဆိုင်ရာများပူးပေါင်း၍ ဆွမ်ဆန်စိမ်းများဖြစ်သည့် ဆန် ၂ အိတ်၊ စားသုံးဆီတစ်ပုံးနှင့် ကြက်သွန်များ သွားရောက် လှူဒါန်းခဲ့သည်။

အဆိုပါ သီလရှင်စာသင်တိုက်တွင် စာသင်သား(၃၀)ဦး ခန့်ရှိပြီ "ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး  လိုအပ်တဲ့နေရာ တွေမှာလစဉ်  ယခုလို ဆက်လက် လှူဒါန်းသွားအုံးမည်" ဟု အား/ကာခရိုင်ဦးစီးမှူး ဒေါ်စန္ဒာဦး ထံမှသိရသည်။

လှလှနွယ်(ပြန်/ဆက်)