ရွာသစ် စက်တင်ဘာ ၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်း အမည်စာရင်းများကို ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်ရွာသစ်မြို့မှ နိုင်ငံရေးပါတီ(၈)ခု ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း(၈)ဦး၊ အမှတ်-၄ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း(၈)ဦး၊ အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း (၉)ဦး၊ တစ်သီးပုဂ္ဂလတစ်ဦး ပါဝင် ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။
အဆိုပါ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးမျာတွင် ဩဂုတ်လ(၃၀)ရက်နေ့မှစ၍ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ထုတ်ပြန်ကြေညာ ထား ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။
နန်းဆွေဆွေအေး