ဓနုဖြူမြို့နယ်၌ တောင်သူများထံသို့ တိရစ္ဆာန်အစာနုအိတ်များထောက်ပံ့ပေးအပ်

ဓနုဖြူ  စက်တင်ဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ တိရစ္ဆာန်မွေးမြူသူ တောင်သူများထံသို့ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဖြန့်ဖြူးသော တိရစ္ဆာန်အစာနုအိတ်များ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဓနုဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မအူပင်ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသီသီဝင်းက အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာတင်မောင်လင်းက တိရစ္ဆာန်အစာနုအိတ်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိရစ္ဆာန်အစာနုအိတ်များ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ နွားမွေးမြူသူများထံသို့ နွားအစာနု (၆၀)အိတ်နှင့် ဝက်မွေးမြူသူများထံသို့ ဝက်အစာနု (၂၄) အိတ် ကိုတာဝန်ရှိသူများကထောက်ပံ့ ပေးအပ်ခဲ့​သည်။

ထို့နောက် မြို့နယ်အဆင့် အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များမှ မြို့နယ်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့ခြင်းမရှိစေရေး ကြိုတင် ကာကွယ်မှု များနှင့် ရောဂါထိန်းချုပ်မှုလုပ်များကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။

 ထက်ဝေဖြိုး(ပြန်/ဆက်)