ဇမ္ဗူသီရိ စက်တင်ဘာ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ၊ တဲကြီးကုန်း ကျေးရွာရှင်းလင်းဆောင်၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့နံနက် (၈) နာရီက ကျင်းပ ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ စိုက်ပျိုးရေး ဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်/မြို့နယ် ဦးစီးမှူးများ၊ မိုးစပါးမျိုးစေ့ထုတ်တောင်သူ (၁၁) ဦးနှင့် စိတ်ပါဝင်စားသူ တောင်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက အမှာစကားပြောကြားပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဦးက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်တောင်သူ (၁၁) ဦးအား စုစုပေါင်းငွေကျပ် (၇၄၃၃၀၀၀) အား ထောက်ပံ့ ပေးအပ်ခဲ့သည်။ ဆက်လက်၍ စပါးနှင့် စားသုံးသီးနှံများတွင် ကျရောက်သည့် လိပ်ပြာဖလံမျိုးရင့် ပင်ဖျက် ပိုးများကို ဇီဝနည်းဖြင့် ကာကွယ်နိုင်ရန် ထရိုင်ဂိုဂရားမား ဉကပ်ပါးဂျီ အသုံးပြုထား သည့် မိုးစပါး စိုက်ခင်း များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)