ရွှေကူ စက်တင်ဘာ ၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်း က မသန်စွမ်းသူများအား ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ သည်။
ယင်းနောက် ကိုဗစ်-၁၉ ကာလအတွင်း မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ ငွေများ ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ တို့က မသန်စွမ်းသူများကိုယ်စား ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့သည်။
ရွှေကူမြို့နယ်အတွင်းရှိ မသန်စွမ်းသူ(၄၇၄)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ(၃၀၀၀၀) ကျပ် နှုန်းဖြင့် စုစုပေါင်းငွေ (၁၄၂၂၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)