ငါန်းဇွန် မတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား အမျိုးသား လူမှုရေး ပင်စင်ကို တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ငါန်းဇွန်မြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ယမန်နေ့က အဘိုးအဘွားများ၏ လက်ဝယ်အရောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တဆင့်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေများကို တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ သုံးလပတ်(ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) အတွက် အသက်(၈၅) နှစ်နှင့်အထက် အဘိုးအဘွားတစ်ဦးလျှင် သုံးသောင်းကျပ်ကို လူမှုဝန်ထမ်းဦးစီးဌာန၏ ကိုယ်စား ငါန်းဇွန်မြို့နယ်အတွင်းရှိ ရပ်ကွက်လေးရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၄၄)အုပ်စုတို့မှ အသက်(၈၅)နှစ် နှင့်အထက် အဘိုးအဘွားများထံ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ရာ တစ်မြို့နယ်လုံးတွင် စုစုပေါင်း ထောက်ပံ့ငွေ (၂၇,၆ဝဝ,ဝဝဝိ/-) ကျပ် ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)