ပုဗ္ဗသီရိမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ ကွင်းဆင်း ဆောင်ရွက်

 

ပုဗ္ဗသီရိ စက်တင်ဘာ  ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးခွင့်မဆုံး ရှုံးစေရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျည်တောင် ကန် အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုဗ္ဗသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ် လဝကမှူး ဒေါ်မင်းမင်းခိုင်နှင့်ဝန်ထမ်းများက ကျည်တောင်ကန်ရပ်ကွက်အတွင်း ရှိ အသက် (၁၈)နှစ်ပြည်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသူများနှင့် ပထမအကြိမ်မဲဆန္ဒရှင် စာရင်းတွင် အမည် ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသူ စုစုပေါင်း ၄၅ ဦးအား အထောက် အထားများစိစစ်၍ နိုင်ငံသား စိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးခဲ့သည်။

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန်အတွက် မြိုန့ယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများအား စဉ်ဆက်မပြတ်ကွင်းဆင်း၍ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံးမှ သိရသည်။

ကံချွန်(ပြန်/ဆက်)