မြစ်ကြီးနား၌ ရော်ဘာစိုက်ပျိုးမည့် တောင်သူများသို့ မက္ကာ‌ဒေးမီးယား ဖူးဆက်ပျိုးပင် (၅၀၀) ပင်အား စီမံကိန်းရန်ပုံငွေဖြင့် အခမဲ့ဖြန့်ဖြူးပေးအပ်

မြစ်ကြီးနား  စက်တင်ဘာ  ၃

ကချင်ပြည်နယ်ရှိ ရော်ဘာစိုက်ပျိုးမည့် တောင်သူများသို့ မက္ကားဒေးမီးယား ဖူးဆက်ပျိုးပင် (၅၀၀)ပင်အား စီမံကိန်းရန်ပုံငွေဖြင့် အခမဲ့ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် ‌ရော်ဘာအခြေခံ ဘက်စုံသီးနှံ စိုက်ခင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုး‌ရေးခြံ(နောင်နန်း)၌ ပေးအပ်ခဲ့ကြောင်းသိရသည်။

ပျိုးပင်ပေးအပ်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက မက္ကာဒေးမီးယား မျိုးသန့်ခြံတစ်ခြံသည် ရေမြေဒေသပေါ် မူတည်၍ (၁) ဧကလျင်အခွံပါစေ့ (၁ တန်မှ ၅ တန်ထိ) ထွက်ရှိပြီး၊ အစေ့ဆံ (၀.၃ တန်မှ ၂ တန်) ထိ ရရှိနိုင်မည်ဖြစ်ကြောင်း အပင်သက်တမ်း(၂၀)နှစ်နှင့် (၃၀)နှစ်ကြားသည် အသီးထွက် အကောင်းဆုံးကာလဖြစ်ကြောင်း၊ ယနေ့နိုင်ငံတကာ ဈေးကွက်တွင် အစေ့ဆံ(၁)တန်လျှင် ဒေါ်လာ(၆၀၀၀) ဝန်းကျင်ရှိသဖြင့် တစ်ဧကလျှင် သိန်း(၆၀)မှ (၁၀၀)အထိရရှိလာနိုင်မှာ ဖြစ်သည့်အတွက် လာမည့်နှစ်များတွင်လည်း ပျိုးပင်များလိုအပ်ပါက ‌ဒေသဈေးနှုန်းအတိုင်း တောင်သူများအား ဖြန့်ဖြူးပေးနိုင်ရန် ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဒေသခံရော်ဘာစိုက်တောင်သူ ၁၅ ဦးတို့အား မက္ကားဒေးမီးယား ဖူးဆက်ပျိုးပင်(၅၀၀)ပင်အား စီမံကိန်းရန်ပုံငွေဖြင့် အခမဲ့ဖြန့်ဖြူးပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ‌ရော်ဘာအခြေခံ ဘက်စုံသီးနှံ စိုက်ခင်း ကွင်းအတွင်း သရုပ်ပြစိုက်ပျိုးထားရှိမှုနှင့် ခြံအတွင်း နှစ်ရှည်ပင်များ သုတေသနပြုလုပ်မည့် အခြေခံအဆောက်အအုံများ‌အား လိုက်လံကြည့်ရှုခဲ့ ကြောင်း သိရသည်။

ယော်ဆောင်(ပြန်/ဆက်)