ပျဉ်းမနားမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပျဉ်းမနား    စက်တင်ဘာ ၃

စိုက်ပျိုးရေး၊မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖောက်လုပ် လျက်ရှိသည့် ကျေးလက် ကုန်ထုတ်လမ်းများဆောင်ရွက်ပြီးစီးမှုများကို စက်တင်ဘာ ၂ ရက် နေ့က နေပြည်တော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန   ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်၊ ဒုတိယ ညွှန်ကြားရေးမှူး(နည်းပညာ)ဦးတင်မောင်အေးနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

နေပြည်တော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိ သူများသည် ပျဉ်းမနားမြို့နယ် အတွင်းရှိ ညောင်ပင်သာကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၊ သစ်လေးလုံး ကျေးရွာအုပ်စု၊ သစ်လေးလုံးကျေးရွာ ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်းနှင့် နတ်သူရဲကျေးရွာအုပ်စု၊ ကြံဖို(၁)လမ်းနှင့် (၂)လမ်း၊ ရိစာလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီး မှုများကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ပျဉ်းမနား မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်နှင့် တာဝန်ယူဆောင်ရွက်သည့် တင်ဒါရကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ ရှင်းလင်းတင်ပြချက်များ အ‌ပေါ်ပေါင်းစပ်ညှိနှိုင်းခဲ့သိရသည်။

ဆက်လက်၍ ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံ၍ ဆောင်ရွက်ပြီးသညိ့ ဖွံ့ဖြိုးရေး လုပ်ငန်းများအပေါ် တန်ဖိုးထားကြရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လည်ပတ်ထိန်းသိမ်းရေး စနစ်နှင့်အညီ ကျေးရွာဖွံ့ဖြိုးရေးကော်မတီက ‌အလေးထားထိန်းသိမ်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်ဆက်)