ဖျာပုံမြို့နယ်၌ Mask တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ယခုဝယ် ယခုတပ်စနစ်ဆက်လက် ဆောင်ရွက်

ဖျာပုံ စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်၊ ထိန်းချုပ်နိုင်ရေး mask တပ်ဆင်ခြင်း မရှိသူများကို ယခုဝယ် ယခုတပ် စနစ်အရေးယူဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ အချိန် တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အရေးယူဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက် အကူပြုကော်မတီအဖွဲ့မှ ဖွဲ့စည်းထားသည့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့မှ (၁၅)ရပ်ကွက်၊ အောင်သုခလမ်း၊ ဆွေသဟာဂိတ်နှင့် (၁၈)ရပ်ကွက်၊ ကားလေးဂိတ်တို့တွင် စည်းကမ်းလိုက်နာ ခြင်းမရှိသူများ ကို mask(၃)ခု လျှင်ကျပ်(၃၀၀၀)နှုန်းဖြင့် ယခုဝယ် ယခုတပ်စနစ် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆောင်ရွက်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း နေအိမ်ပြင်ပသို့ mask တပ်ဆင်ခြင်းမရှိဘဲ ထွက်ခွာခဲ့သူ(၃၆)ဦးအား စည်းကမ်းထိန်းသိမ်း လိုက်နာရန် ယခုဝယ်ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး အသိပညာပေး ပြောကြားခဲ့ကြောင်း စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့မှ သိရှိရသည်။

လှလှနွယ်( ခရိုင်ပြန်/ဆက်)