၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ အမည်စာရင်းထုတ်ပြန်ကြေညာ

 

ဇမ္ဗူသီရိ စက်တင်ဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်  ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည် စာရင်း ကို ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်  ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် အတွင်း ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ကြေညာရာ၌ ပြည်သူ့ လွှတ်တော် မဲဆန္ဒ နယ်မှ လွှတ်တော်ကိုယ်စားလှယ် (၇) ဦးနှင့် တစ်သီးပုဂ္ဂလ (၃) ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် (၇) ဦး တို့က ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အဆိုပါ ၂၀၂၀ ပြည့်နှစ်  ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဩဂုတ် လ (၃၀) ရက်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို အများပြည်သူများ သိရှိစေရန် ကပ်ထား ကြေညာထားကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မေမဉ္ဇူ ထံမှ သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)