ကြံခင်း စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မြိုနယ်စည်ပင်သာယာရေးအဖွဲ့ပိုင် လိုင်စင်ချထားပေးသော စားသောက်ဆိုင်နှင့်လက်ဘက်ရည်ဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားမှုများကို ယမန်နေ့ နံနက်ပိုင်းတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချလျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်း ချက်များဖြစ်သည့် ဆိုင်ရှင်နှင့် ဝန်ထမ်းများလိုက်နာရမည့် အချက်(၁၄)ချက်အားလည်းကောင်း၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် အချက်(၇)ချက်အား လည်းကောင်း ပြင်ဆင်ရောင်းချ လိုက်နာ ဆောင်ရွက်မှု ရှိ/မရှိကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းဖြစ်သည်။
အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်စည်ပင်သာယာရေး ဦးစီးအရာရှိ ဒေါ်တင်မိုးသူအဖွဲ့များနှင့် ပူးပေါင်းပြီးစစ်ဆေးခဲ့ကြကြောင်းသိရသည်။
မိုးမိုး(ပြန်/ဆက်)