တနင်္သာရီ မတ် ၁၃
၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊ သင်္ချာဘာသာရပ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က စာစစ်ဌာန (၄) ခုမှာ ယနေ့နံနက် ၉ နာရီမှစ၍ အတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုရန် စာရင်းရှိ ကျောင်းသူ/သား (၂၀၀၆) ဦးအနက်၊ ယနေ့စာစစ်ဌာနများတွင် ဖြေဆိုသူ (၁၈၅၂) ဦးနဲ့ အ.ထ.က-တနင်္သာရီ စာစစ်ဌာနမှ ခုံအမှတ် တန-၆၆၅၊ မောင်အောင်အောင်ဦးသည် ကျန်းမာရေး မကောင်းသော ကြောင့် တနင်္သာရီမြို့နယ်၊ ကုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးရုံတက်ပြီး ကိုယ်တိုင် ရေးဖြေဆိုသဖြင့် စုစုပေါင်းဖြေဆိုသူဦးရေမှာ (၁၈၅၃) ဦးဖြစ်ပြီး ဖြေဆိုမှုရာနှုန်းသည် (၉၂.၃၇) ဖြစ်သည်။
သို့ဖြစ်၍ အ.ထ.က-တနင်္သာရီစာစစ်ဌာနမှာ ဖြေဆိုရန် ကျောင်းသူ/သား (၆၂၆) ဦးရှိပြီး စာစစ်ဌာနမှာ ဖြေဆိုသူ (၅၇၅) ဦးနှင့် ဆေးရုံတက်ရောက်ဖြေဆိုသူ (တစ်)ဦး၊ ပေါင်း (၅၇၆) ဦးဖြစ်သည်။ အ.ထ.က-တကူ စာစစ်ဌာနတွင် စာရင်းရှိ (၇၀၈) ဦးရှိပြီး၊ ဖြေဆိုသူ(၆၅၆)ဦး၊ အ.ထ.က-ညောင်ပင်ကွင်းစာစစ်၌ ဖြေဆိုရန် စာရင်းရှိ(၂၈၅)ဦးအနက် ဖြေဆိုသူ(၂၆၇)ဦးနှင့် အ.ထ.က-မော်တုန်းစာစစ်တွင် ဖြေဆိုရန်(၃၈၇)ဦး စာရင်းရှိပြီး၊ (၃၅၄) ဦးဖြေဆိုကြသည်။ တစ်မြို့နယ်လုံးစာရင်းအရ ဖြေဆိုရန်စာရင်းရှိ ကျောင်းသူ/သား (၂၀၀၆) ဦးဖြစ်၍ ယနေ့စာစစ်ဌာနများတွင် ဖြေဆိုသူ (၁၈၅၂) ဦးနှင့် ဆေးရုံတက်ဖြေဆိုသူ (တစ်)ဦး၊ စုစုပေါင်း (၁၈၅၃) ဦးတို့သည် သင်္ချာဘာသာရပ်အား စိတ်အေးချမ်းသာစွာ လာရောက်ဖြေခဲ့ကြပြီး၊ ဖြေဆိုရန် ပျက်ကွက်သူ (၁၅၃) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရှိရသည်။
သတင်းနှင့်ဓါတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)