ဗန်းမော်၌ အခြေခံငါးဆေးထိုး သားဖောက်ခြင်းနှင့် ငါးမွေးမြူရေးနည်းပညာဆိုင်ရာ သင်တန်း ဖွင့်လှစ်

ဗန်းမော် စက်တင်ဘာ ၄

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် အခြေခံ ငါးဆေးထိုးသားဖောက်ခြင်းနှင့် ငါးမွေးမြူရေး နည်းပညာဆိုင်ရာ သင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ငါးလုပ်ငန်း ဦးစီးမှူး ဦးမြသိန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ကာ သင်တန်းစတင်ခဲ့သည်။

အဆိုပါ သင်တန်းတွင် သဘာဝမြစ်ချောင်းများမှ ငါးသားပေါက်များ စုဆောင်းခြင်း၊ သားဖောက်ခဲ့သည့် ငါးအမျိုးအစားများ၊ မျိုးငါးများရွေးချယ်ခြင်း၊ ငါးသားဖောက်ရုံနှင့်ဆေးထိုး သားဖောက်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ အသုံးပြုသော ဆေဝါးများ၊ ဆေးထိုးသားဖောက်ခြင်းနှင့် အခြေခံ ငါးမွေးမြူခြင်း ဆိုင်ရာများကို  စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ် ကြောင်းနှင့် သင်တန်းသို့ အစိုးရ နည်းပညာ အထက်တန်းကျောင်း(ဗန်းမော်)မှ  သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ (၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ဗန်းမော် (ပြန်/ဆက်)