ဆဒုံးမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံပေး

ဆဒုံး  စက်တင်ဘာ  ၄

ကချင်ပြည်နယ်၊ ဆဒုံးမြို့၌ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ် အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်​ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ကျေးလက် ဆေးပေး ခန်း၌ ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ဆေးတိုက် ကျွေးခြင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်စေရန် (၆)ပေအကွာ အလှည့်ကျစနစ်ဖြင့် ပုံမှန်ကာကွယ် ဆေး ထိုးနှံပေးခဲ့ ကြောင်းသိရသည်။

ကျော်နိုင်ဌေး (ပြန်/ဆက်)