ညောင်တုန်း မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (သင်္ချာဘာသာရပ်) ကို ယနေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုကာ ကျောင်းသား၊ ကျောင်းသူများ လာရောက် ဖြေဆိုကြသည်။
ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က (၁)၊ အ-ထ-က (၂)၊ အ-ထ-က (ဆားမလောက်)၊ အ-ထ-က (နတ်ပေး)၊ အ-ထ-က (ချောင်းကြီး)၊ အ-ထ-က (မဲဇလီဒလ)၊ အ-ထ-က (သပြေချောင်း)၊ အ-ထ-က (ငှက်ပျောကျွန်း)၊ အ-ထ-က (ကြက်တူရွေးတောင်)၊ အ-ထ-က (ပါလှဲ့အောက်စု) စုစုပေါင်း စာစစ်ဌာန (၁၀) ခုဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို စစ်ဆေးဆောင်ရွက်ရာ သင်္ချာဘာသာရပ်ကို စာရင်းရှိ ကျောင်းသား (၁၅၂၃) ဦး၊ ကျောင်းသူ (၁၈၉၆) ဦး၊ စုစုပေါင်း (၃၄၁၉) ဦး၊ ဖြေဆိုသူ ကျောင်းသား (၁၃၄၉) ဦး၊ ကျောင်းသူ (၁၇၅၉) ဦး၊ စုစုပေါင်း (၃၁၀၈) ဦး၊ ပျက်ကွက်သူ ကျောင်းသား (၁၇၄) ဦး၊ ကျောင်းသူ (၁၃၇) ဦး စုစုပေါင်း (၃၁၁) ဦးရှိရာ ကျောင်းသား၊ ကျောင်းသူ ၉၀ ဒသမ ၁၀ ရာခိုင်နှုန်း ဖြေဆိုခဲ့ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)