ဟင်္သာတ စက်တင်ဘာ ၄
ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တလုတ္ထော်(Knowledge Center)နယ်မြေရှိ မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများတွင် ပိုးမွှားကျရောက်မှု ရှိ/မရှိကို ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုက်ခင်းများတွင် မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းနှင့် ပေါင်းမြက်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် (Knowledge Center)တာဝန်ခံ ဝန်ထမ်းများ၊ ဒို့လယ်သမား မျိုးစေ့ထုတ် အသင်းအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များစုပေါင်းပြီး အချိန်မှီလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြည့်ရှုဆွေးနွေးခဲ့ကြသည်။
ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများကို မျိုးစေ့ဖိုးနှင့် အပင်ပြုစုခြင်း လုပ်အားခများကို (ပထမ)အကြိမ် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)